ရွှေတိဂုံဘုရား၌ ဠင်းတနားဆိုတဲ့စကား

ရွှေတိဂုံဘုရား ဠင်းတငှက်နားတော့ဘာဖြစ်သလဲ

ကောလဟာလဆိုတာများသိပ်ကြောက်စရာကောင်းတယ် ။ ဆောင်းခိုငှက် အမျိုးအနွယ်ဝင် ဠင်းတငှက် ၆ ကောင်မျက်စိလည်လမ်းမှားပြီး ရွှေတိဂုံဘုရားမှာ လာနားတာ ကို တိုင်းပြည်ကြီးပဲပျက်သွားသလိုလို ရန်ကုန်မြို့ကြီးပဲပျက်သွားသလိုလို လုပ်ပြီး သတင်းတွေ လိုက်လွှင့်နေကြတယ် ။ အင်တာနက်စာမျက်နှာတွေမှာလည်းအခြေ အနေ မကောင်းဘူး ဘာညာနဲ့ ကောလဟာလတွေသိပ်ဖောင်းပွနေကြတယ် ။ ဘာသာရေးအယူအရပြောရရင် ဘုံဘ၀ အမျိုးမျိုးမှာ သတ္တ၀ါတွေအားလုံး ကျင် လည်နေကြရတယ် ။ လူ နဲ့ တိရိစ္ဆာန်တွေလည်းထိုနည်းလည်းကောင်းပါပဲ ။ လူက တစ်ကမ္ဘာလုံးအသိဥာဏ်အရှိဆုံးသတ္တ၀ါဆိုပြီး ဘာမှမဟုတ်တဲ့ ငှက်ခြောက်ကောင် လာနားတာကို ၀ိုင်းဝန်းပြီး သတင်းဆိုးတွေ လွှင့်နေကြတာ ကြားနေရတယ် ။

အယူ ဆိုတာကလည်း သိပ်ကြောက်စရာကောင်းသလို အစွဲဆိုတာကလည်း သေရာပါတဲ့အထိဆိုရင်တော့ သံသရာကနေ ကျွတ်ကြတော့မယ်မထင်ဘူး ။ ဒီဇင်ဘာဟာ မြန်မာ့ရာသီဥတုနဲ့ဆိုရင် ဆောင်းတွင်းဖြစ်တဲ့အတွက် ဆောင်းရာသီခိုတဲ့ဆောင်းခိုငှက်တွေဟာ တစ်နေရာကနေ တစ်နေရာ ကိုပျံသန်းလေ့ရှိကြတယ် ။ အဲဒီမှာ ဆောင်းတွင်းသဘာဝ လေထုထဲမှာ လေစီးကြောင်းပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တယ် ။ အဲဒီအခါ လေစီးကြောင်းထဲဝင်လာတဲ့ ဆောင်းခိုငှက်တွေ လမ်းကြောင်းပြောင်းပြီးငှက်အုပ်ထဲ ကတချို့ငှက်တွေ ဟာနေရာသစ်တွေကိုရောက်လာတတ်ပါတယ် ။ အထူးသဖြင့် မြစ်နဲ့နီးတဲ့ရန်ကုန်လိုနေရာမျိုးမှာ ဒါမျိုးကမဖြစ်နိုင် ဘူး လို့ ကံသေကံမမပြောနိုင်ဘူး ။ ကောင်းတဲ့ဖက်ကကြည့်ရင် ငှက်ကလေးတွေ ဘုရားရဲ့ တန်ခိုးတော်ကို လာပြီးဦးခိုက်တာရောမဖြစ်နိုင်ဘူးလား ။အဲဒီမှာတင် ကျွန်တော်တို့ လူတွေက ငှက်ကို အဆင့်အတန်းခွဲလိုက်ကြတယ် ။ အပုပ်အသိုးသာစားတဲ့ ဠင်းတငှက်တွေဟာ နိမိတ်မရှိဘူးဘာညာနဲ့ ။ ဒီဖြစ်စဉ်ဟာ တကယ်တော့ရိုး ရိုးလေးပါ ။

ဆောင်းခိုငှက်တွေ လေကြောင်းပြောင်းလို့ မျက်စိလည်လမ်းမှားပြီး ရွှေတိဂုံဘုရားပေါ်လာနားကြတယ် ။ ပြီးတော့ပျံထွက်သွားကြတယ် ။ နယ်ဖက်မှာလည်း ငှက်ကြီးတွေ ဖမ်းမိတယ်သတင်းကြားသေးတယ် ။ အတောင်ဆန့်လိုက်ရင် ၇ ပေတောင်ရှိတယ် ။ ငှက်တွေက နားပြီး ပျံထွက်သွားပြီ ။ မပြီးသေးတာက တဆိတ် ကိုတအိတ်လုပ်ချင်တဲ့ ကျွန်တော်တို့လူတွေ ။ နိမိတ်တွေကောက် တိုင်းပြည်ကို ကံဆိုးမိုးမှောင်ကျတော့မယ်ပြော နဲ့ ။ အကယ်၍များမကောင်းတဲ့အရာတွေသာဖြစ်နေခဲ့ ရင်တောင် ကျွန်တော်တို့ဟာ ကောင်းတဲ့နိမိတ်ကောင်းတဲ့ဖက်ကို ပြောင်းယူပစ်ရမယ်မဟုတ်လား ။ ငှက်ကလေးတွေ ဘုရားကိုလာရှိခိုးကြတယ် လို့ရိုးရိုးလေးတွေး လိုက်ရင် ဘုရားလည်း ဂုဏ်ရှိသွားတယ် ငှက်တွေလည်း ဘေးလွတ်သွားမယ် ။ ဒီတော့ ကျွန်တော်လည်း ကဗျာတစ်ပုဒ်စပ်လိုက်တယ် ။

“ ရွှေတိဂုံဘုရား ဠင်းတနားက
တိုင်းပြည်စီးပွား တိုးတက်ငြားအံ့
ရွှေရောင်ဝင်းပြောင် သာသနာ့ရောင်ဝါ
လျှံလျှံထွန်းတောက် မိုးသောက်ရေစင်
ကြည်စင်အေးမြ တိုင်းပြည်သာယာ
ဆုလာဘ်များအံ့

ဠင်းတခြောက်ကောင် မြောက်ပြန်လေရူး
ထူးခြား ဂုဏ်ဆောင် တို့တိုင်းပြည်အောင်
အမောင်လူသား အယူမမှားနှင့်
ဆောင်းသဘာဝ ဖောက်လွဲဖောက်ပြန်
လေစီးကြောင်းပြောင်း ကျောင်းနားလာခို
ငှက် ထိုထိုမှာ ကောင်းသောနိမိတ်
အတိတ်ပေးအံ့

ပြည်တန်ပတ္တမြား ထွက်ပေါ်ငြားသော်
ခြောက်ပါးဂုဏ်အင် ပြည့်ရွှေရောင်ဝင်း
တိုင်းပြည်ကြီးပွား စီးပွားလည်းတိုး
အမျိုးလည်း ပွား ဘာသာလည်းကျော်
တို့မြန်မာအားလုံး ပျော်တပြုံးပြုံး
နှစ်ထောင့်ဆယ့်သုံး နှစ်သစ်မင်္ဂလာ
အောင်အတိတ်အောင်နိမိတ်ယူကြစေသော်ဝ် ”

ကဗျာတော့သိပ်မစပ်တတ်ဘူး ဒါပေမယ့် မကောင်းတာတွေ ပြောနေကြမယ့်အတူတူကောင်းတဲ့ဘက်ကိုပဲ ယူပြောကြရအောင် ။ ရွှေတိဂုံဘုရား ဠင်းတနားဆိုတဲ့စကား အစား ရွှေတိဂုံ ဘုရားတန်ခိုးကြီးမားလို့ ဆောင်းခိုငှက်များလာရောက်ဖူးမျှော် ကဲ ဒီလိုဆို မကောင်းဘူးလား ။

သက်တန့်ချို

This entry was posted in General. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s