သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မေးချင်သော မေးခွန်းများ နှင့် Fortify Rights အစီရင်ခံစာ

RB News….ref;

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (Fortify Rights) က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရိုဟင်ဂျာများကို မြန်မာ အစိုးရမှ လူသားထု တစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှုများ (Crime against humanity) ကို ကျုးလွန်နေကြောင်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ည ၈း၁၅ တွင် BBC သတင်းဌာန မှ ကြေငြာ သွားပါသည်။

ရိုဟင်ဂျာများအပေါ် ခရီးသွားလာခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့် ပိတ်ပင်ထားမှုများ သာမက တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ ဆိုသော ပြဌာန်းချက် များတွင် အစိုးရ ပါဝင် ပတ်သက်သော အထောက်အထားများ ရရှိထားပါသည်ဟု (Fortify Rights) အဖွဲ့က ထုတ်ပြန် ကြေငြာသည့် အပေါ် ဦးရဲထွဋ်က တုန့်ပြန်ရာတွင်

(၁) ခိုးဝင်မှုများကို ကာကွယ်ရန်၎င်း၊ နောက်ထပ် ပဋိပက္ခ ထပ်ဖြစ်မည် စိုးသောကြောင့် ၎င်းရိုဟင်ဂျာများ၏ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားရပါသည်။

(၂) ရိုဟင်ဂျာများသည် အစ္စလာမ် ဘာသာ၏ ခွင့်ပြုချက်အရ မိန်းမ ၄ ယောက်ယူရာတွင် အသက် မပြည့်သော ခလေးများကိုပါ လက်ထပ်ယူသောကြောင့် ကလေး အခွင့်အရေး ကာကွယ် သည့် အနေဖြင့် လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို စစ်အစိုးရက ပြဌာန်းခဲ့ရပါသည်။

(၃) သားဆက်ခြားလိုသော ရိုဟင်ဂျာ အမျိုးသမီးများ၏ ရွေးချယ်မှုကို ဘာသာရေး ဆရာများက ဟန့်တားသော ကြောင့် စစ်အစိုးရက ရိုဟင်ဂျာ တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရဟု အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

(၄) ၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတို့၏ တရားဝင်ရပ်တည်မှုကို စီစစ်ပေးမည် ဖြစ်သော်လည်း တိုင်းရင်းသား အဖြစ် လုံးဝ လက်မခံနိုင်ပါဟု အတိအလင်းဆိုပါသည်။

BBC သတင်းကြေငြာသူ အစား ဦးရဲထွဋ်ကို ကျနော် မေးချင်သော မေးခွန်းများ။

(ဦးရဲထွဋ်၏ ပြောကြားချက်များနှင့် ယှဉ်တွဲ ဖတ်ရှုပါရန်)

(၁) ရိုဟင်ဂျာ ဒုက္ခသည် များသည် အသက်ရှင် ရပ်တည်ရေး အတွက် ရိက္ခာဝယ်ယူမှုနှင့် ဆေးဝါး ကုသရန် အတွက် ခရီးသွားလာမှုများကို အဓမ္မပိတ်ပင် ခံရပါသည်ဆိုသော သတင်းများ ထွက်ပေါ်နေရာ မှန် ကန်မှုရှိ၊ မရှိ သိချင်ပါသည်။

တဆက်တည်း မေးချင်တာက န.စ.က ၏ ၁၀ စုနှစ်ပေါင်းများစွာ ခရီးသွားလာခွင့် ပိတ်ပင် ခံထားရ သော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အတွင်းသို့ အဆက် မပြတ် ခိုးဝင်နိုင်ပါသေးသည်ဟု ဆိုပါလျှုင် လွတ်လပ်စွာ ခရီးသွားလာခွင့် အပြည့်ရှိသော တစ်ဖက်နိုင်ငံမှ တရုတ်များ ပိုမိုခိုးဝင်နိုင်ပါသည်ဟု မီဒီယာများက ထောက်ပြသည့်အပေါ် မည်သို့ ဖြေရှင်းချင်ပါသလဲ။

(၂) အသက်မပြည့်မီ လက်ထပ်ထိမ်းမြားမှုကို ကလေးအခွင့်အရေးအရ ကာကွယ်ပေးရပါသည် ဆိုသောကြောင့် အခြား ကလေးအခွင့်အရေးများဖြစ်သော အခမဲ့ ပညာသင်ခွင့်၊ စံချိန်မှီ ကျန်းမာရေး စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် စွမ်းဆောင်ခွင့်များကို မည်ကဲ့သို့ အကာအကွယ် ပေးထားပါသလဲ။

ကလေး အခွင့်အရေးနဲ့ ပတ်သက်လို့ နောက်ထပ် သိချင်တာ တစ်ခုက အသက်ပြည့်ပြီးသူ ရိုဟင်ဂျာ အမျိုးသမီးနှင့် အမျိုးသားတို့အနေဖြင့် အစိုးရထံ ခွင့်ပြုချက် မတောင်းဘဲ နှစ်ဦး သဘောတူ လက်ထပ်လျှင် လင်မယား နှစ်ယောက်စလုံးကို သာမက မွေးဖွားလာသော ကလေးကိုပါ ထောင်ဒဏ် အပြစ်ပေးခံရသည် ဆိုသော သတင်းများကရော မှန်ကန်မှု ရှိပါသလား။

(၃) စစ်အစိုးရ လက်ထက်ကတည်းက တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရ၊ ခွင့်ပြုချက် မရှိ လက်မထပ်ရ၊ ခရီးမသွားရဆိုတဲ့ ဥပဒေ၊ ပုဒ်မတွေ အောက်မှာ ၁၀ စုနှစ် ၅ စုတိုင်တိုင် ရှိနေတဲ့ ရိုဟင်ဂျာရဲ့ လူဦးရေ ဟာ ပေါက်ကွဲနေ ဆဲဘဲ ဆိုတဲ့ ပြောဆိုမှုတွေကရော ဘယ်အတိုင်းအတာအထိ မှန်ပါသလဲ။

နောက်ဆုံးကောက် ယူခဲ့တဲ့ ၁၉၈၃ ခုနှစ် သန်းကောင်စာရင်း ကောက်ယူစဉ်က ရခိုင်ပြည်မှာ ရိုဟင်ဂျာ/ဘင်္ဂါလီ လူမျိုးများကိုပါ ထည့်သွင်း ကောက်ယူခဲ့ပါသလား။

(၄) အဖြူရောင်ကဒ်ဖြင့် မဲပေးခွင့်ရှိသော်လည်း ထူးဆန်းစွာ နိုင်ငံမဲ့ သကဲ့သို့ ဖြစ်နေသည့် ရိုဟင်ဂျာ များကို ကမ္ဘာက စိတ်ဝင်တစား အနီးကပ် စောင့်ကြည့် နေကြပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေပြဌာန်း ပြီးတဲ့ အချိန်ကစတွက်ရင် ယနေ့အချိန် အခါအထိ ရိုဟင်ဂျာတွေကို စီစစ်ပြီး နိုင်ငံသားကဒ်ကို ထုတ်ပေးဖို့ ရတဲ့ အချိန် ၃၂ နှစ်ဟာ မလုံလောက်နိုင်အောင် ဖြစ်နေတဲ့ အခြားအခက် အခဲများ ရှိနေသေးရင် သိချင်ပါသည်။

ဦးရဲထွဋ် မည်ကဲ့သို့ ပြန်ဖြေမည်ကို ရော်ရမ်း မှန်းဆလျှက်

This entry was posted in General. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s