၁၇နှစ်အရွယ် ကောင်မလေးရဲ့အလောင်းနဲ့ လိင် ဆက် ဆံဖို့ကြိုးစား သူ၊ အခေါင်းထဲ အိပ်ပျော် သွားလို့ ဖမ်းမိခဲ့

Wednesday, February 26, 2014

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲ မှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ ခဲ့ပါ တယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြား ခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက် ခဲ့ပြီး နောက် တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်း ထုတ်ပြန် ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေ   တာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။

“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရားမှာ လည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။

Ref:dailymail.co.uk

This entry was posted in ကမ္ဘာ့သတင်း. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s